သထုံ(တွဲဘက်)ပေါင်မြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုရေး၊သစ်တော၊ဇီဝမျိုးစုံမျိုး ကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၇.၇.၂၀၂၆)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၊‌ပေါင်မြို့နယ်၊ပေါင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ပေါင်)၊ ရွှေရတုခန်းမ ၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲ´ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများ၊ကျောင်းသား/သူများ၊ ကျား(၆၈)ဦး မ (၁၁၀)ဦးနှင့် ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း(၂)ဦး၊စုစုပေါင်း ကျား(၇၀)ဦး၊မ( ၁၁၀)ဦး၊စုစုပေါင်းလူဦးရေ(၁၈၀)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇာ်လွင်ဦးမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာခေါင်းစဥ်ဖြင့်ဆွေးနွေးဟောပြောခြင်းဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 10, 2026 - 15:15