ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်တွင်"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တော၊သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို(၈.၇.၂၀၂၆ )ရက်နေ့ ၊နံနက်ပိုင်း( ၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ ရေလဲကျေးရွာ၊အထက်တန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၂)ဦး၊ ရေလဲ အ-ထ-ကမှ ကျောင်းအုပ် ဆရာမကြီး ပါ ဆရာမ (၉)ဦး၊ဆရာ(၁)ဦး၊ ကျောင်းသား(၇၀)ဦး၊ ကျောင်းသူ (၆၅)ဦး၊ စုစုပေါင်း(၁၄၇)ဦး တက်ရောက်ခဲ့ပါသည်။အသိပညာပေးဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ တောအုပ် ဦးအောင်မျိုးမင်းမှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့စေရန်၊ရာသီဥတုပြောင်းလဲမှုကာကွယ်ရန်နှင့်အနာဂတ်မျိုးဆက်သစ်များစိမ်းလန်းစို ပြေသည့်ကမ္ဘာမြေတစ်ခုလက်ဆင့်ကမ်းနိုင်ရေးအတွက်သစ်တောပြုစုထိန်းသိမ်းခြင်း၊ စိုက်ပြီးသောသစ်ပင်များ ရေရှည်ရှင်သန်ရေးနှင့်မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာများအားအသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့် အသိပညာပေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိသည်။


