ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၈.၇.၂၀၂၆ )ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ပျဥ်ပုံကျေး ရွာအုပ်စု၊ သဖန်းကုန်းကျေးရွာ၊ အ.ထ.က၊ သဖန်းကုန်း စာသင်ကျောင်း တွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ/ကျောင်းသား/ကျောင်းသူများ သစ်တောဝန်ထမ်းများ စုစုပေါင်း(၂၅၆)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဦးစီးအရာရှိဦးဇော်သင်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့နှင့်ပတ်သက်၍ သစ်တောများ၏အရေးပါမှု၊ သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး တို့ကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/သူ များက သစ်ပင်စိုက်ပျိုးရခြင်း၏ ကောင်း ကျိုးများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားရသည့် အကြောင်းရင်းများကို မေးမြန်းဆွေးနွေးရာ ဦးစီးအရာရှိ ဦးဇော်သင်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး သစ်တောလက်ကမ်းစာစောင်တို့အား ကျောင်းသား/ ကျောင်းသူများထံဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။



