ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဗိုလ်တေဇ အလက(ခွဲ)ကျောင်းတွင် "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲ"ကျင်းပ
(၈.၇.၂၀၂၆)ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဗိုလ်တေဇ အလက(ခွဲ)ကျောင်းတွင် "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲ" ကျင်းပရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ သစ်တောဝန်ထမ်းများကျား(၅၀)ဦး၊ မ(၆၅)ဦး စုစုပေါင်း(၁၁၅)ဦး တက်ရောက်ခဲ့ပါကြောင်း ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးချမ်းလင်းအေးမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။


date:
Friday, July 10, 2026 - 19:45
