မုဒုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ “ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ
၈-၇-၂၀၂၆ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန် မုဒုံမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့သိန်းနှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တောဝန်ထမ်းများ ကျား(၅၈)ဦး၊ မ(၆၇)ဦး၊ စုစုပေါင်း(၁၂၅)ဦးတက်ရောက်ခဲ့ကြပြီး မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းမှ ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်းခေါင်းစဉ်ဖြင်းဆွေးနွေးဟောပြောခြင်း၊ ဆွေးနွေးမေးမြန်းမှုကိုဖြေကြားခြင်း၊ ငုရွှေဝါ(၂၀)ပင်၊ မဟော်ဂနီ(၁၀)ပင်၊ စိန်ပန်း(၂၀)ပင်၊ မန်ဂျန်ရှား(၁၀)ပင်၊ အော်ရီရှား(၁၀)ပင်ပေါင်း(၇၀)ပင်အား ကျောင်းဝင်းအတွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် ရုံးစာဖြင့်တင်ပြသွားမည်ဖြစ်ပါကြောင်းသတင်းရရှိသည်။




