စစ်ကိုင်းတိုင်းဒေသကြီး၊ ​ဟုမ္မလင်းမြို့နယ်၊ အ.လ.က(၃)ဟုမ္မလင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျငထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ဟုမ္မလင်းမြို့နယ်၊ အ.လ.က (၃)ဟုမ္မလင်း၌ (၉.၇.၂၀၂၆) ရက်နေ့၊ (၁၄:၃၀)နာရီ အချိန်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ​​​ကျောင်းသား/​ကျောင်သူ(၂၃၃)ဦးနှင့် ဆရာ/ဆရာမ(၅)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၂၄၄)ဦး တက်ရောက်ခဲ့ပါသည်။ ​ရှေးဦးစွာ ​ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား​ပြောကြားပြီး​နောက်ဆွေးနွေး‌ဟောပြောပွဲတွင် ​ဦး​ကျော်မြိုင်၊ ​တောအုပ်ကြီး မှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးလုပ်ငန်းများအားဆောင်ရွက်ရသည့် အခြေခံအကြောင်းအရင်းများ၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အ​သေးစိပ် ရှင်းလင်း​ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဦး​ဇေယျာ၊ ​တောအုပ်ကြီးမှ သားငှက်တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ အ​ရေးပါမှု နှင့် ထိန်းသိမ်း​စောင့်​ရှောက်ခြင်းဆိုင်ရာများအား အသိပညာ​ပေးဟော​ပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 10, 2026 - 19:45