ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းရေးအသိပညာပေးဟော‌ပြောပွဲကျင်းပ

ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေး ဟော‌ပြောပွဲကျင်းပခြင်းရွှေတောင်မြို့နယ် (၁-၈-၂၀၂၄)ရက်နေ့၊ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူ ရေး အထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးသည့်ကာလ(ဩဂုတ်လ) အတွင်း စာသင်ကျောင်းရှိကျောင်းသူ/ကျောင်းသားများအား "မိုးရာသီ သစ်ပင်စိုက်ပျိုး၊ပြုစု ထိန်းသိမ်းရေး အသိပညာပေးဟော‌ပြောပွဲ"အား မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီး ဌာနမှူး ဦးအောင်စက်ပိုင် ဦးဆောင်၍ "မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစုထိန်းသိမ်းရေးအသိ ပညာပေး" ခေါင်းစဉ်ဖြင့် တက်ရောက်လာကြသည့် အထက်တန်းအဆင့်ရှိ ကျောင်းသူ/ ကျောင်းသားများ အင်အား(၁၇၅)ဦးခန့်ကို အသိပညာပေး စည်းရုံးဟောပြောခြင်း၊ အမှတ်တရ ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များပေးအပ်ခြင်းနှင့်စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပါ‌ကြောင်း သိရှိရပါသည်။

date: 
Friday, August 2, 2024 - 09:30