အောင်မြေသာစံမြို့နယ်၊အ.ထ.က(၁၇)ကျောင်းတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တရားမဝင်သစ်လျော့နည်းပပျောက်ရေး၊ရေချွေတာသုံးစွဲရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောကျင်းပ

၁၀-၇-၂၀၂၆ ရက်နေ့၌ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အ.ထ.က (၁၇) အခြေခံ ပညာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲတွင် မြို့နယ်သစ်တောဉီးစီးဌာနမှူးရုံး၊ အောင်မြေသာစံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ဉီးမင်းမင်းသန့် (တောအုပ်ကြီး)ကဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေး၊ ရေချွေတာသုံးစွဲရေး၊ တောင်ယာများခုတ်ထွင်မီးရှို့မှုမပြုရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာခေါင်းစဉ်များဖြင့်အသိပညာပေးဟောပြော ပို့ချခဲ့ရာ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၆)ဦး ကျောင်းသား (၇၈))ဦး၊ ကျောင်းသူ(၉၈)ဉ)ဦး၊ စုစုပေါင်း(၁၇၆))ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် အခြေခံပညာသင်ကျောင်းများ စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သစ်တောဉီးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများပူးပေါင်း၍ ကျောင်းဝန်းအတွင်းကံ့ကော်၊ ခရေ၊ မယ်ဇယ်၊ တပေဘူတစသည့် သစ်မျိုး(၄) မျိုး၊ (၅၃)ပင်ကိုတပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 10, 2026 - 20:00