လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွယ်ထွဲကျေးရွာ၊ အ မ ကကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်တ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအားကျင်းပ
လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးမျိုးချစ်ပါ သစ်တောဝန်ထမ်း(၄)ဦးအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ လွယ်ထွဲကျေးရွာ၊ အ မ ကကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား (၁၀.၇.၂၀၂၆)ရက်နေ့၊(၁၀:၀၀)နာရီတွင်ကျင်းပဆောင်ရွက်ရာသစ်တောဝန်ထမ်း(၄)ဦး၊ ဆရာ/ဆရာမ(၃)ဦး၊ ကျောင်းသား/ကျောင်းသူ(၃၂)၊စုစုပေါင်း(၃၉)ဦးတက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို တောအုပ်ကြီး ဦးမျိုးချစ်မှ စာသင်ကျောင်း၊ အတွင်း၊အပြင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များကို စနစ်တကျ စိုက်ပျိုးရန်၊ေကျာင်းသား/ကျောင်းများအား သစ်ပင်စိုက်ပျိုးခြင်း နည်းစနစ်များဟောပြော၍ စနစ်တကျ စိုက်ပျိုးရန်၊ `ဥတုရာသီ၊တောကိုမှီ'ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့် အကြောင်းအရာများ၊ ဇီဝမျိုးစုံမျိုးကွဲများကပံ့ပိုးသော အကျိုးကျေးဇူးများ၊ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းပျောက်ကွယ်ပါက ရရှိလာမည့် အကျိုးဆက်များ၊ကျောင်းသား/ကျောင်းသူများမှသစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိ်န်းသိမ်းကြရန် ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

