ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးကျင်းပ

သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသော အသိစိတ်ဓာတ် ရှင်သန်စေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ကမ္ဘာအေးဘုရားတွင်(၅-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌သစ်တော ဦးစီးဌာနက ဦးဆောင်၍ကျင်းပပြုလုပ်ရာ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မိုး ဦးဆောင်သောဝန်ထမ်း(၈၀)ဦး၊ သစ်တောဦးစီးဌာနဝန်ထမ်း(၁၅)ဦး၊ ဒေသခံပြည်သူ(၂၀)ဦး စုစုပေါင်း(၁၁၅)ဦးတက်ရောက်၍ သစ်မျိုး(၇)မျိုး စုစုပေါင်းပျိုးပင်(၁၅၂)ပင် တို့ကိုစုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Monday, August 5, 2024 - 14:00