ကျိုက်မရောမြို့နယ်၊သစ်တောဦးစီးဌာနမှသဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၁၄.၇.၂၀၂၆)ရက်နေ့၊(၀၉:၃၀)နာရီအချိန်၊ကျိုက်မေရာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းခန်းမတွင် ရက်(၁၀၀)စီမံချက်အရသဘာဝတောများမှထင်းအစားထိုးစွမ်းအား မြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာ မများ၊ကျောင်းသား/သူများစုစုပေါင်း ကျား(၃၀)ဦး မ(၃၆) ဦးနှင့် ကျိုက်မရောမြို့နယ်မှသစ်တောဝန်ထမ်း(၅)ဦး၊စုစုပေါင်း တက်ရောက်ဦးရေကျား/မ၊(၇၁)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင်ကျိုက်မရော မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးထွဋ်ခေါင်ကျော်မှ သဘာဝတောများမှထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေး ခေါင်းစဥ်ဖြင့် လည်းကောင်း၊ တရားမဝင်သစ်လျော့နည်းပပြောက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်ရောက်သည့် ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



