သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့၊ကျို‌က္ကော်အခြေခံပညာအထက်တန်းကျောင်း၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၁၄-၇-၂၀၂၆)ရက်နေ့(၀၉:၀၀)နာရီ ၌သထုံမြို့နယ်၊ကျိုက္ကော်အခြေခံပညာအထက်တန်းကျောင်း‌ရွှေရတုခန်းမတွင်သထုံမြိုနယ်သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားသို့ကျိုက္ကော်အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်း သား/ကျောင်းသူများ၊သထုံမြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများကျား(၇၂)ဦး၊မ(၁၄၅)ဦး၊စုစုပေါင်း(၂၁၇)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအခမ်းအနားတွင်သထုံမြိုနယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးတင်ထွန်းမှ"မိုးရာသီသစ်ပင်စိုက် ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောခြင်း"အနေဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ်တောများ၏ အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးအပ်ခြင်းနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, July 16, 2026 - 11:00