သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်အခြေခံပညာအထက်တန်း‌ကျောင်း၌တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးနှင့်သဘာဝ‌တောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲစေရေးအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၁၄-၇-၂၀၂၆)ရက်နေ့(၁၁:၀၀)နာရီ ၌သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်အခြေခံပညာအထက်တန်း ကျောင်း‌တွင်သထုံမြိုနယ်သစ်တောဦးစီးဌာနမှ"တရားမဝင်သစ်ထုတ်လုပ်မှု‌လျော့နည်းပပျောက်စေရေးနှင့်သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့ သုံးစွဲစေရေးအသိပညာပေးဟောပြောပွဲ"ကျင်းပပြု လုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားသို့သိမ်ဆိပ်အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊သထုံမြို့နယ် သစ်တောဦးစီးဌာနမှဝန် ထမ်းများကျား(၈၇)ဦး၊မ(၁၀၉)ဦး၊စုစုပေါင်း(၁၉၆))ဦးတက်ရောက်ခဲ့ပြီးဟော ပြောပွဲအခမ်းအနားတွင်သထုံမြို့ နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးတင်ထွန်းမှ"တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးနှင့်သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီဖိုများတိုးချဲ့သုံးစွဲစေရေးနှင့်ပတ်သက်သည့်အ‌ကြောင်းအရာများအားအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးအပ်ခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, July 16, 2026 - 11:00