ဘားအံတက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(ပဉ္စမအကြိမ်)ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပ
(၁၀-၈-၂၀၂၄)ရက်နေ့(၀၇း၀၀)နာရီအချိန်တွင် ဘားအံတက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(ပဉ္စမအကြိမ်)ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တက္ကသိုလ်/ကောလိပ်/သင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူ၊ သင်တန်းသား/သူများ စုစုပေါင်း(၄၅၀)ဦး တက်ရောက်ခဲ့ပြီး ပိတောက်(၅) ပင်၊ ပျဉ်းကတိုး(၅)ပင်၊ ပျဉ်းမ(၁၅)ပင်၊ စိန်ပန်း(၅)ပင်၊ မဟော်ဂနီ(၅)ပင်၊ ရေတမာ(၁၁)ပင်၊ ခရေ(၁၁)ပင်၊ အသောက(၆၀)ပင်၊ အော်ရီးရှား(၁၃၇)ပင်၊ မန်ဂျန်ရှား(၃၈၄)ပင် စုစုပေါင်း (၆၃၈)ပင်အားအောင်မြင်စွာစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။
date:
Monday, August 12, 2024 - 14:00