ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ သစ်ပင်စိုက်ပျိုးကြပါစို့ (Talk Show)ဆွေးနွေးပွဲအစီအစဉ်ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းဖို့ သစ်ပင်စိုက်ပျိုးကြပါစို့ (Talk Show)ဆွေးနွေးပွဲကို (၁၆-၈-၂၄)ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်၌ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပခဲ့ပြီး တိုက်ကြီး မြို့နယ်၊သစ်တောဦးစီးဌာနမှ(တောအုပ်ကြီး) ဦးသန်းအောင်ထွန်းနှင့် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်တို့က သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် သစ်ပင်များစိုက်ပျိုးရခြင်း ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ သစ်ပင်များပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် လူထုဖြန့်ပျိုးပင်များအားဖြန့်ဝေစိုက်ပျိုး ဆောင်ရွက်မှုအခြေအနေ များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါ သိရှိရပါသည်။