စစ်ကိုင်းတိုင်းဒေသကြီး၊ ​ဟုမ္မလင်းမြို့နယ်၊ အ.ထ.က(၂)ဟုမ္မလင်း၌ မိုးရာသီ သစ်ပင်စိုက်ပျိုး​ရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျငထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ဟုမ္မလင်း မြို့နယ်၊ အ.ထ.က(၂)ဟုမ္မလင်း၌ (၁၇.၇.၂၀၂၆)ရက်နေ့၊ (၁၃:၀၀)နာရီ အချိန်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ကျောင်းသား/​ကျောင်သူ(၁၇၆)ဦးနှင့် ဆရာ/ဆရာမ(၆)ဦး၊ မြို့နယ် သစ်တောဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၁၈၆)ဦးတက်ရောက်ခဲ့ပါသည်။ ​ရှေးဦးစွာ ​ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ​ပြောကြားပြီး​နောက်ဆွေးနွေး‌ဟောပြောပွဲတွင် ​ဦး​​ဇေယျာ၊ ​တောအုပ်ကြီး မှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးလုပ်ငန်းများအား ဆောင်ရွက်ရသည့် အခြေခံအကြောင်းအရင်းများ၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အ​သေးစိပ်ရှင်းလင်း​ပြောကြားခဲ့ပါသည်။ဆက်လက်၍ သားငှက်တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ အ​ရေးပါမှုနှင့် ထိန်းသိမ်း​စောင့်​ရှောက်ခြင်းဆိုင်ရာများအား အသိပညာ​ပေး​ဟော​ပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 20, 2026 - 11:00