မော်လမြိုင်မြို့နယ်၊ လှိုင်ရတနာတိုးချဲ့ကွက်သစ်၊ အိမ်ရာမြေအကွက်အမှတ်(၁၊ ၂)အတွင်း ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မော်လမြိုင်မြို့နယ်၊ လှိုင်ရတနာတိုးချဲ့ကွက်သစ်၊ အိမ်ရာမြေအကွက်အမှတ်(၁၊ ၂)အတွင်း ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ၁၈-၇-၂၀၂၆ ရက်၊ စနေနေ့ နံနက်(၇:၃၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်မြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၉၀၇)ဦးခန့် တက်ရောက်ခဲ့ ကြပြီး စိန်ပန်းနီ၊ စိန်ပန်းဝါ၊ ရေတမာ၊ ခရေ၊ ငုရွှေဝါ၊ ကံ့ကော်၊ အနန်း၊ ရင်ခတ်၊ ပျဉ်းမစသည့်သစ်မျိုး(၉)မျိုးဖြင့် စုစုပေါင်းပင်ရေ (၁၂၀၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 20, 2026 - 11:45