သစ်တောမှုတည်ဆောက်ခြင်းသင်တန်းအမှတ်စဉ်(၇)ဖွင့်ပွဲအခမ်းအနားကျင်းပ
(၉.၉.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင်သစ်တောမှုတည်ဆောက်ခြင်းသင်တန်း အမှတ်စဉ် (၇) ဖွင့်ပွဲအခမ်းအနားကို ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်း ကျောင်းခန်းမ၊ မှော်ဘီမြို့၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေး ဌာနမှ ညွှန်ကြားရေးမှူး၊ ဦးတင့်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။ညွှန်ကြားရေးမှူးမှ ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သစ်တောမှုတည်ဆောက်ခြင်း သင်တန်းသည် သစ်တောဝန်ထမ်းများအနေဖြင့် သစ်တောမှုများအား စနစ်တကျ စီမံခန့်ခွဲနိုင်စေရန်၊ သစ်တောမှုများအမှုဖွင့်လှစ်ရာတွင် အမိန့်ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်တက်စေ ရန်နှင့် ဖွင့်လှစ်ထားသော သစ်တောမှုများအား အမှုပြီးပြတ်သည်အထိ အချိန်နှင့်တပြေးညီပြီးစီး အောင် ဆောင်ရွက်နိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ် တဲ့ သင်တန်းမှာ သစ်တောဦးစီးဌာနမှ အတွေ့အကြုံရှိပြီး လက်တွေ့လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင် နေကြတဲ့ သင်တန်းဆရာ၊ ဆရာမများမှ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သစ်တောမှု တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် ဘာသာရပ် (၈)ခု နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ဥပဒေအရာရှိ များမှလည်း အမှုဖွင့်လှစ်ခြင်း၊ ဥပဒေအကြံပြုချက်တောင်းခံခြင်းနှင့်ပြစ်မှု စီရင်ချက်ချမှတ်မှုအပေါ် ပြင်ဆင်ချက်တောင်းခံခြင်းနှင့် ပြစ်မှုစီရင်ချက်ချမှတ်မှုအပေါ် ပြင်ဆင်ချက်တောင်းခံခြင်း၊ အယူခံဝင်ခြင်း စသည့်ဘာသာရပ်များအား လာရောက်ဆွေးနွေးပို့ချသွားမည်ဖြစ်၍ သင်တန်းသားများမှ စနစ်တကျနှင့် လက်တွေ့အသုံးပြုနိုင်ရန် ရည်ရွယ်သင်ယူသွားကြရန် မှာကြား လိုကြောင်း ပြောကြားခဲ့ပါသည်။သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးမြင့်စိုး-၁ နှင့် သင်တန်း ကျောင်းမှ ဆရာ/ဆရာမများ၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသိန်းသန်းထွန်းနှင့် သင်တန်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ တောအုပ်သင်တန်းသား (၂၀) ဦး တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် (၉.၉.၂၀၂၄)ရက်နေ့မှ (၁၃.၉.၂၀၂၄) ရက်နေ့အထိ ရက်သတ္တ(၁)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။