၂-၉-၂၀၂၄ ရက်နေ့မှ ၈-၉-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု
နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၇.၁၅၇၄)တန်၊ သစ်မာ (၁၆.၄၄၁၆)တန်၊ အခြား (၁၀.၃၅၄၄)တန်၊ စုစုပေါင်း(၄၃.၉၅၃၄)တန်၊ တရားခံ(၁၄)ဦး၊ ယာဉ်/ယန္တရား(၁၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၉-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့နယ်၊ ပေါ်တော်မူ ဘုရားအနီး၊ ရန်ကုန်-မန္တလေးကားလမ်းပေါ်မှ တရားမဝင် ကျွန်း/ပိတောက် ခွဲသား စုစုပေါင်း (၈၅၆) ချောင်း (၁၈.၆၉၉၈)တန်နှင့် (၁၂)ဘီးယာဉ် (၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။
date:
Wednesday, September 11, 2024 - 11:30