၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ဒုတိယ(၃)လပတ် ရငွေလျာထားချက် ပြည့်မီရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
၁၂-၉-၂၀၂၄ ရက်၊ ကြာသပတေးနေ့ နံနက် ၀၉:၀၀ နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ဒုတိယ(၃)လပတ် ရငွေလျာထားချက် ပြည့်မီရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ရငွေရရှိနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက် အမှာစကားပြောကြားပါသည်၊အစည်းအဝေးအား ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေး မှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ပြီး တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး များက virtual စနစ်ဖြင့် တက်ရောက်ကြပါသည်။အစီအစဉ်အရ သစ်တောဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး များ၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြည့်မီစေရေး ဆောင်ရွက်ချက်များနှင့် ဦးစီးရုံးချုပ်၊ ဌာနများ အလိုက် ညွှန်ကြားရေးမှူးများ၏ တင်ပြမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)က ဖြည့်စွက်ဆွေးနွေး၍ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ၁၃:၁၅ နာရီတွင် အစည်းအဝေးပြီးမြောက်ကြောင်းသိရှိရပါသည်။