၁၃-၇-၂၀၂၆ ရက်နေ့မှ ၁၉-၇-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇.၀၈၅၄)တန်၊ သစ်မာ (၈.၀၈၈၈)တန်၊ အခြား (၂၃.၉၂၅၈)တန်၊ စုစုပေါင်း(၃၉.၁၀၀၀)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၇-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်းအနီး ပတ်ဝန်းကျင်၊ ကြောင်းချောင်း၏အနောက်ဘက် (၂)မိုင်ခန့်အကွာနေရာမှ တရားမဝင် ပျဉ်းကတိုး/အင်ကြင်း/အင် သစ်လုံး/လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၃၆)လုံး (၇.၀၀၄၀)တန်၊ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date:
Thursday, July 23, 2026 - 10:45
