သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဉ်တို့အကြား နှစ်နိုင်ငံ ချစ်ကြည်ရေး တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Virtual) ကျင်းပခြင်း

သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဉ်တို့အကြား နှစ်နိုင်ငံချစ်ကြည်ရေး တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Virtual)ကို (၁၉.၉.၂၀၂၄) ရက်၊ မွန်းလွဲ (၁၃:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဦးကျော်ဇေယျတက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် မြန်မာ့သစ်လုပ်ငန်းမှ ဒေါက်တာဇော်မင်းဦးနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့မှ မြန်မာနိုင်ငံအတွက် လက်ခံရယူမည့် တိရစ္ဆာန်များရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဥ်မှတာဝန်ရှိသူများမှ မြန်မာနိုင်ငံအတွက်ပေးပို့ရမည့် တိရစ္ဆာန်များရွေးချယ်နိုင်ရေး၊ သယ်ယူပို့ဆောင်နိုင်ရေး တို့နှင့်ပတ်သက်သည့်ကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Friday, September 20, 2024 - 11:15