၁၆-၉-၂၀၂၄ ရက်နေ့မှ ၂၂-၉-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ပြည်နယ်/ တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၅.၉၁၉၈)တန်၊ သစ်မာ (၁.၉၉၄၂)တန်၊ အခြား (၁၄.၉၉၄၁)တန်၊ စုစုပေါင်း (၆၂.၉၀၈၁)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၂-၉-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့မဘိနယ်၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ အတွင်း လမ်းရှိ ဦးစိုးထွေး (ခ) ဦးသန်းထွေး၏ အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်းအတွင်းနှင့် သုဿန် အနီးနေရာတို့မှ တရားမဝင် ကျွန်းသစ်လုံး/ခွဲသား/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း (၁၂၇)လုံး/ ချောင်း (၁၉.၀၁၄၀)တန်၊ အင်ဂျင် (၁)လုံးနှင့်ဆက်စပ်ပစ္စည်း (၃)မျိုး၊ ယာဉ် (၂)စီး၊ တရားခံ (၃)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, September 25, 2024 - 12:00