သစ်တောဦးစီးဌာန၊ AFoCo RETC သင်တန်းကျောင်းတွင်သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ (Eco-school program for Teachers ) အစီအစဉ်ကျင်းပ
(၂၅.၉.၂၀၂၄)ရက်၊ နံနက်(၉)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ ဖြိုးရေးဌာန၊ အာရှဒေသအဆင့်သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)(Asian Forest Cooperation Organization - Regional Education and Training Centre) AFoCO Hall၊ မှော်ဘီမြို့၌ သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)မှသင်တန်းကျောင်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး မှ AFoCO အဖွဲ့အစည်း ဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ RETC သင်တန်းကျောင်း တည်ဆောက် ဖွင့်လှစ် ခဲ့ခြင်းနှင့် ဖွင့်လှစ်ပို့ချခဲ့သော သင်တန်းများ၊ AFoCO အဖွဲ့၏ မူဝါဒရေးရာနှင့် အာရှဒေသတွင်း နိုင်ငံများအကြား သစ်တောကဏ္ဍဖွံဖြိုးတိုးတက်ရေးဆိုင်ရာလူစွမ်းအား အရင်းအမြစ်ဖွံဖြိုးတိုးတက် ရေးနှင့် နည်းပညာဆိုင်ရာသင်တန်းများ၊ Eco-school program ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံနှင့်အာရှဒေသရှိ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ကမ္ဘာ့ငှက်ပျံလမ်းကြောင်း(၉)ခုနှင့် မြန်မာနိုင်ငံရှိ ရေတိမ်ဒေသဂေဟစနစ်များ၊ မြန်မာနိုင်ငံ၏ ရေချိုအရင်းအမြစ်များထိန်းသိမ်းခြင်း၊ လူနှင့် ဇီဝအဝန်းနယ်မြေများဖွဲ့စည်းမှု၊ ပုပ္ပါး တောင် အမျိုးသားဥယျာဉ်လုပ်ငန်းများ၊ Indo-Burma Hotspotနှင့် Himalaya Hotspot များ အကြောင်း၊ မြန်မာ့ဌာနေမျိုးရင်း တောရိုင်းတိရိစ္ဆာန်(၃၉၇)မျိုး၊ မြန်မာ့ကမ်းရိုးတန်းဒေသ ထိန်းသိမ်း ရေးနှင့် ဒီရေတောများ၊ အာရှဒေသတွင်းအရေးကြီးထိန်းသိမ်းကာကွယ်ရမည့် တောရိုင်းတိရိစ္ဆာန် များအကြောင်းနှင့် AFoCO အဖွဲ့အစည်း၏ Experimental Forest တည်ထောင်ဖွဲ့စည်းမည့် လုပ်ငန်းစဉ်များနှင့် ထာဝစဉ်ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(၁၇)ခုနှင့် Eco-school program ချိတ်ဆက်မှု့တို့ကို အသေးစိတ် ဆွေးနွေးတင်ပြခဲ့ပါသည်။
အဆိုပါသစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲတွင် RETCသင်တန်းကျောင်းဆိုင်ရာနှင့် AFoCO ဆိုင်ရာ ဗွီဒီယိုမှတ်တမ်း(၂)ခုပြသခြင်း၊ သင်တန်း ကျောင်းဝင်း အတွင်းနှင့်သစ်တောပျိုးဥယျာဉ်လေ့လာခြင်း၊ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဟောပြောပွဲသို့သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ မင်္ဂလာဒုံမြို့နယ်၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲ (Eco School Program for Students) အနေဖြင့် (၁၀) ကြိမ်၊ (Eco-School Program For Teachers) အနေဖြင့် (၂)ကြိမ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။