"ရေဝေရေလဲထိန်းသိမ်းရေးဆိုင်ရာသင်တန်း"ဆင်းပွဲအခမ်းအနားကျင်းပခြင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်၊ သောကြာနေ့၊ မွန်းလွဲပိုင်းတွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသန၊ ရေဆင်းရှိ စုဝေးခန်းမ၌သစ်တောဦးစီးဌာနမှ ဦးဆောင်၍(၂၅-၉-၂၀၂၄) ရက်မှ (၂၇-၉-၂၀၂၄) ရက်အထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သည့် "ရေဝေရေလဲထိန်းသိမ်းရေးဆိုင်ရာသင်တန်း" ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူး သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ သစ်တောသုတေသနဌာနမှ အရာထမ်းများ၊ သင်တန်းဆရာများနှင့်ပေါင်းလောင်း၊ဆင်သေ၊ ငလိုက်ဆည်အနီးရှိကျေးရွာများကျေးရွာများမှ ဒေသခံ သင်တန်းသားစုစုပေါင်း(၁၆)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။ ဆက်လက်၍ သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူးမှ သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။