“သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းများ သရုပ်ပြစီမံကိန်း” ၏ (Project Inception Meeting)ကျင်းပ
(၁၅.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၀၇:၃၀) အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ၊ သစ်တောဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံအခြေစိုက်၊ အာရှဒေသသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေး (Asia Forest Cooperation Organization-AFoCO) တို့အကြား သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သည့် “သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းများ သရုပ်ပြစီမံကိန်း" အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဆိုင်ရာနှစ်ဖက်တာဝန်ရှိသူများမှ Online စနစ်ဖြင့် တွေ့ဆုံ၍ စီမံကိန်းကနဦးအစည်းအဝေး (Project Inception Meeting) ကျင်းပခဲ့ပါသည်။အဆိုပါ ကနဦးအစည်းအဝေးတွင် စီမံကိန်းဧရိယာဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝါးသယံဇာတအရင်းအမြစ်ကောက်ယူ လေ့လာခြင်း၊ ဝါးလက်မှုထုတ်ကုန်ပစ္စည်းများထုတ်လုပ်မှုအဆင်မြှင့်တင်ခြင်း၊ မျှစ်ထုတ်ယူမှုပမာဏ၊ မျှစ်ဈေးကွက်အခြေအနေအားလေ့လာဆန်းစစ်ခြင်းနှင့် ရေရှည်တည်တံ့သော ဝါးသယံဇာတများစီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းစသည့်လုပ်ငန်းများကို ယခုစီမံကိန်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။