စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို-ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို-ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှ “မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ” ကို ၂၃-၇-၂၀၂၆ ရက်၊ (၁၃း၃၀)နာရီတွင် ကန့်ဘလူမြို့၊ “ဆု” ကိုယ်ပိုင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ “ဆု”ကိုယ်ပိုင် ကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ကျား ၆၈ ဦး၊ မ ၇၂ ဦး၊ စုစုပေါင်း ၁၄၀ ဦးတက်ရောက်ခဲ့ပါသည်။အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ ကန့်ဘလူမြို့နယ်မှ တောအုပ် ဦးထွန်းနောင် က သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တော ထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းပါလုပ်ငန်းများ၊ သစ်တောဥပဒေ၊ နည်းဥပဒေပါပြဋာန်းချက်များ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်မှုနည်းစနစ်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 24, 2026 - 11:00