ကျိုက်မရောမြို့၊ ရှင်စောပု ရပ်ကွက်၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၂၂-၇-၂၀၂၆)ရက်နေ့(၀၉:၃၀)နာရီ၌ ကျိုက်မရော မြို့၊ ရှင်စောပုရပ်ကွက်၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျိုက်မရောမြို့ နယ်သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားသို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊ကျိုက်မရော မြို့နယ်သစ်တောဦးစီးဌာနမှဝန် ထမ်းများကျား(၃၅)ဦး၊မ(၃၆) ဦး၊စုစုပေါင်း(၇၁)ဦးတက်ရောက်ခဲ့ပြီးဟော ပြောပွဲအခမ်းအနားတွင်ကျိုက်မရောမြို့ နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာအသိပညာဟောပြောခြင်း"အနေ ဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ်တောများ၏ အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 24, 2026 - 12:30