ရန်ကုန်တိုင်းဒေသကြီး၊ ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

(၂၈-၁၀-၂၀၂၄)ရက်၊ နံနက်ပိုင်း (၁၁:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး၊ ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီးနှင့် ကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သယံဇာတရေးရာဝန်ကြီး က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ကော်မတီအတွင်းရေးမှူး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှဦးမှ တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူများမှကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့စေရေးကိစ္စများ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

date: 
Monday, October 28, 2024 - 17:00