တနင်္သာရီတိုင်းဒေသကြီး၊ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ၏(၁/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို (၂၉.၁၀.၂၀၂၄) ရက်နေ့ (၁၃း၃၀) နာရီတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ သုံးထပ်ဆောင် အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုပ်ငန်းကော်မတီ ဥက္ကဌ သယံဇာတရေးရာဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍တိုင်းဒေသကြီး ကော်မတီအတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြမှုအပေါ် တက်ရောက်လာသူများမှ ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့စေရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, October 30, 2024 - 10:30