သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဥ်တို့အကြား နှစ်နိုင်ငံချစ်ကြည်ရေး တိရစ္ဆာန်လဲလှယ်ရေးအစီအစဥ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Virtual) ကျင်းပ

သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဥ်တို့အကြား နှစ်နိုင်ငံချစ်ကြည်ရေး တိရစ္ဆာန်လဲလှယ်ရေးအစီအစဥ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(Virtual)ကို (၃၀.၁၀.၂၀၂၄) ရက်၊ မွန်းလွဲ (၁၃:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်(စီမံခန့်ခွဲရေး)၊ ဦးကျော်ဇေယျတက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် မြန်မာ့သစ်လုပ်ငန်းမှ ဒေါက်တာဇော်မင်းဦးနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့မှ မြန်မာနိုင်ငံအတွက် လက်ခံရယူမည့် တိရစ္ဆာန်များရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဥ်မှတာဝန်ရှိသူများမှ မြန်မာနိုင်ငံအတွက်ပေးပို့ရမည့် တိရစ္ဆာန်များအား တရုတ်နိုင်ငံသို့ သွားရောက်ရွေးချယ်မည့်အစီအစဥ်၊ တိရစ္ဆာန်အမျိုးအစားအလိုက် ရောဂါစစ်ဆေးဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာနိုင်ငံသို့ပို့ဆောင်မည့် အစီအစဥ်များနှင့်ပတ်သက်သည့် ကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Thursday, October 31, 2024 - 10:30