တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ " မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေး"ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၆-၁၁-၂၀၂၄) ရက်နေ့၊ ညနေ (၀၃:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမတွင် " မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေး" ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဟောပြောပွဲကျင်းပရာ ဟောပြောပွဲသို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ကျောင်းအုပ်ချုပ် ရေးတာဝန်ရှိသူ ဆရာ/ဆရာမများ၊ သင်တန်းသား/သူဆရာမများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ စုစုပေါင်း(၂၀၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်-၄ မှ မြန်မာနိုင်ငံဒီရေတောများ၊ ဒီရေတောနှင့်ကမ်းရိုးတန်းဂေဟစနစ်ဝန်ဆောင်မှုများ၊ ဒီရေတောများပျက်စီးရသည့်အကြောင်းအရင်းများနှင့် ဒီရေတောများစီမံအုပ်ချုပ်သည့်နည်းလမ်းများအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးမှ မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ကာကွယ်နိုင်သည့်နည်းလမ်းများနှင့် Fire Hotspot များ၏ အကြောင်းအရင်းများအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်းစသည့် အကြောင်းအရာများအားလည်းကောင်း ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဟောပြောပွဲသို့ တက်ရောက်သူများအားသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သင်တန်းတက်ရောက်နေသည့်ဆရာ/ဆရာမများအတွက် ကျောင်းသုံးဘောပင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, November 6, 2024 - 11:45