ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာနမှ " မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေး" ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာနမှ (၄-၁၁-၂၀၂၄) ရက်နေ့၌ မြောင်းမြမြို့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်(မြရတုခန်းမ)တွင်" မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေး" ဆိုင်ရာ ခရိုင်အဆင့် ဟောပြောပွဲကျင်းပရာ ဟောပြောပွဲသို့ မြောင်းမြပညာရေးဒီဂရီကောလိပ်မှဒု-ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ကထိကများ နှင့် သင်တန်းသား/သူ ဆရာ/ဆရာမများ၊သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ စုစုပေါင်း(၃၆၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မြောင်းမြခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေမှ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဦးကြည်ဌေးမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဦးအောင်အောင်ဌေးမှ မီးခိုး/မြူငွေ့လျော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။