သထုံ(တွဲဘက်)ပေါင်မြို့နယ်၊အလှပ်ကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်း၊တော်ဝင်သဇင်ခန်းမ၌"အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်သိမ်းရေးနေ့အထိမ်းအမှတ်"အသိပညာပေးဟောပြောပွဲကျင်းပ

(၂၄.၇.၂၀၂၆)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်၊‌ပေါင်မြို့နယ်၊အလှပ်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်း ၊တော်ဝင်သဇင်ခန်းမ ၌ "အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"ဒီရေတောများအကြောင်းသိကောင်းစရာ"ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲ´´ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာ မကြီးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများစုစုပေါင်းကျား(၁၅၀)ဦး မ(၂၀၀)ဦးနှင့် ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း (၂)ဦး၊စုစုပေါင်း လူဦးရေကျား/မ၊(၃၅၂)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးမှ ဒီရေတောများ၏အခြေအနေနှင့် အသုံးဝင်ပုံများ၊ဒီရေတောကမ်းရိုး တန်း သယံဇာတများဆုံးရှုံးပျက်စီးရသည့်ကြောင်းအရင်းများနှင့် ကမ်းရိုးတမ်းဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအားအကျယ်တဝင့်ဆွေး နွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 27, 2026 - 15:30