ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ “ မီးခိုး/မြူငွေ့လျော့ချရေး နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး” ဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ (၈-၁၁-၂၀၂၄)ရက်နေ့ (၁၀း၀၀)နာရီတွင်၊ ဒဂုံတက္ကသိုလ် (ဘွဲ့နှင်းသဘင်)ခန်းမတွင် “ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝ ဘေးအန္တရာယ်အသိပညာပေး” ဆိုင်ရာဟောပြောပွဲကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာ ဝင်းဝင်းသန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်း - ၁ မှ မီးခိုး/ မြူငွေ့လျော့ချရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဒဂုံ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် ပါမောက္ခ၊ ဌာနမှူး၊ ကတိကများနှင့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။