စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂-၁၁-၂၀၁၄) ရက်နေ့တွင် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ အစည်းအဝေးခန်းမ၌ “မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား ပြည်သူများ၊ ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကိုမင်းမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီး ဦးကျော်ကျော်မှ ထပ်ဆင့်အမှာစကားပြောကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့ အန္တရာယ်များ စသည်တို့ကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တောင်ယာခုတ်ခြင်း၊ တောမီးရှို့ခြင်းနှင့် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်စေရန် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။ “မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ”သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(၁)ဦး၊ မုံရွာ ခရိုင်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ အား/ကာ သိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်အပါအဝင် ကျောင်းသား/သူ(၁၀၄)ဦး၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ အပါအဝင် ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၁၁၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Friday, November 8, 2024 - 18:00