မြိတ်မြို့၊ အ.ထ.က ၄၊သာကေတရပ်ကွက်တွင်" မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေးခြင်း" ခေါင်းစဥ်ဖြင့် ခရိုင်အဆင့် ဟောပြောပွဲကျင်းပ
၁၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ မြိတ်မြို့၊ အ.ထ.က ၄၊သာကေတရပ်ကွက်တွင်" မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေးခြင်း" ခေါင်းစဥ်ဖြင့် ခရိုင်အဆင့် ဟောပြောပွဲအား ပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဟောပြောပွဲတွင် မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများအား လက်ထောက်ညွှန်ကြားရေးမှူး -ဦးဇော်လင်းမှ လည်းကောင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်း ခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်း စသည့် အကြောင်းအရာများအား ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ လည်းကောင်း ဟောပြောခဲ့ပြီး အ.ထ.က၄၊ကျောင်းအုပ်ကြီး၊ ဆရာ /ဆရာမ (၁၂)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး၊စုစုပေါင်း (၁၆၂)ဦးတို့အား တက်ရောက်ခဲ့ပြီး သိရှိလိုသည် များ ပြန်လည်ဖြေကြားခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။