ပျဉ်းမနားမြို့နယ်၊အထက(၃)ကျောင်းစုဝေးခန်းမ၌ "မီးခိုးမြူငွေ့လျော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ‌ပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဒက္ခိဏခရိုင်သစ်တောဦးစီးဌာနသည်(၁၁-၁၁-၂၀၂၄)(တနလ်ာနေ့)(၀၉:၃၀)နာရီတွင် ပျဉ်းမနားမြို့နယ်၊အထက(၃)ကျောင်းစုဝေးခန်းမ၌ "မီးခိုးမြူငွေ့လျော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ‌ပညာပေးဟောပြောခြင်း" ကိုကျင်းပပြုလုပ်ရာ ဒက္ခိဏခရိုင်လ/ထညွှန်ကြားရေးမှူးဦးကျော်ဌေးမှ မီးခိုးမြူငွေ့လျော့ချရေးနှင့်သဘာဝ ဘေးအန္တရာယ် ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ပါသည်။တက်ရောက်သူကျောင်းသား/သူများမှသိရှိလိုသည့်မေးမြန်းချက်များကိုလည်းပြန်လည်ဖြေကြားခဲ့ပြီး လစဉ်ထုတ်သစ်တောဂျာနယ်(၅)အုပ်ကို ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုစန်းထံပေးအပ်ပါသည်။ဟောပြောပွဲသို့အထက(၃)ကျောင်းအုပ်ကြီးဆရာမဒေါ်ညိုညိုစန်းနှင့်ဆရာမ(၉)ဦး၊Grade10အဆင့်ကျောင်းသား/သူ(၆၀)ဦး၊စုစု‌ပေါင်း(၇၀)ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Monday, November 11, 2024 - 01:30