ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ အ.ထ.က ၁၊ အခြေခံပညာအထက်တန်းကျောင်း၊ မြောက်ရွာရပ်ကွက်တွင်" မီးခိုးမြူငွေ့လျှော့ချရေး နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း" ခေါင်းစဥ်ဖြင့် ခရိုင်အဆင့် ဟောပြောပွဲကျင်းပ
၁၂-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ အ.ထ.က ၁၊ အခြေခံပညာအထက်တန်းကျောင်း၊ မြောက်ရွာရပ်ကွက်တွင်" မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း" ခေါင်းစဥ်ဖြင့် ခရိုင်အဆင့် ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဟောပြောပွဲတွင် ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးမှ မီးခိုးမြူ ငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ကာကွယ်နိုင်သည့်နည်းလမ်းများ၊Fire Hotspot များ၏ အကြောင်းအရင်းများအား လည်းကောင်း၊ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်းစသည့် အကြောင်းအရာများအား လည်းကောင်း၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းအောင်မှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမှု၊ သဘာဝဘေးအန္တရာယ်များအား လျှော့ချရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များလျှော့ချရာတွင် သစ်တောသစ်ပင်များသည် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်မှုအခြေအနေများ အားလည်းကောင်း ပညာပေးဟောပြောခဲ့ပြီး အ.ထ.က ၁ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ(၅)ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၁၃)ဦး၊ စုစုပေါင်း (၁၁၈)ဦးတို့မှ တက်ရောက်ခဲ့ပါကြောင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဟောပြောပွဲပြီးစီးပြီးအချိန်၌ တက်ရောက်သူများအားကျောင်းသုံးဘောပင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။