ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အ.ထ.က(ခွဲ)၊ အ.လ.က(၂) ရွှေမင်းဝံတွင်" မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်း"ဟောပြောပွဲကျင်းပ

၁၂-၁၁-၂၀၂၄ ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်၌ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အ.ထ.က(ခွဲ)၊ အ.လ.က(၂) ရွှေမင်းဝံတွင်" မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်း" ခေါင်းစဥ်ဖြင့် ခရိုင်အဆင့် ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ ပါသည်၊၊ အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထိုက်လွင်ဦးမှ မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုး အစားများ၊မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများအား လည်းကောင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း ကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချ ရမည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်း စသည့် အကြောင်းအရာများအားလည်းကောင်း၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းထက်အောင်-၂မှ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာမှု၊ သဘာဝဘေး အန္တရာယ်များအား လျှော့ချရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များ လျှော့ချရာတွင် သစ်တောသစ်ပင်များသည်အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်မှု အခြေအနေများအားလည်းကောင်း ပညာပေးဟောပြောခဲ့ပြီး အ.ထ.က(ခွဲ)၊ အ.လ.က(၂) ရွှေမင်းဝံမှ ဆရာမ (၅)ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၀၀)ဦး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၇)ဦး စုစုပေါင်း (၁၁၂)ဦးတို့မှ တက်ရောက်ခဲ့ပါကြောင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဟောပြောပွဲပြီးစီးပြီးအချိန်၌ တက်ရောက်သူများအား ကျောင်းသုံးဘောပင်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, November 13, 2024 - 10:00