မော်လမြိုင်-သထုံခရိုင်၊ သစ်တောဦးစီးဌာနမှ "မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
မွန်ပြည်နယ်၊ မော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနမှ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၃-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ အထက(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်အဆင့် " မီးခိုး/မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေးဆိုင်ရာ" အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သစ်တောဦးစီးဌာနက တာဝန်ရှိသူများ၊ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက တာဝန်ရှိသူများ စုစုပေါင်း ( ၁၇၈ ) ဦး တက်ရောက်ခဲ့ကြ ပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်-သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေယမင်းဦးက မီးခိုးမြူငွေ့လျှော့ချရေးနှင့် အမျိုးသမီးများကဏ္ဌခေါင်းစဉ်ဖြင့်လည်းကောင်း၊ မုဒုံမြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးကျော်ဇောအောင်က လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ကြကြောင်း နှင့်ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအား လေထုညစ်ညမ်းမှုဆိုင်ရာ PM 2.5 အကြောင်း အသိပညာပေး ဗွီဒီယိုပြသခြင်း၊သစ်တောဦးစီးဌာနကသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့ ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။