ဥတ္တရခရိုင်၊သစ်တောဦးစီးဌာနမှ "မီးခိုးမြူငွေ့လျော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊သစ်တောဦးစီးဌာနမှ (၁၃-၁၁-၂၀၂၄)(ဗုဒ္ဓဟူးနေ့)(၁၃:၀၀)နာရီတွင် တပ်ကုန်းမြို့နယ်၊အလက(၁)ကျောင်းစုဝေးခန်းမ၌ "မီးခိုးမြူငွေ့လျော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ" ကျင်းပပြုလုပ်ရာ ဥတ္တရခရိုင်၊ သစ်တောဦးစီးဌာန၊လ/ထညွှန်ကြားရေးမှူးဦးကျော်ကျော်အောင်မှ မီးခိုးမြူငွေ့လျော့ချရေးနှင့်သဘာဝ ဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်သည့် ကျောင်းသား/သူများမှသိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား
ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဟောပြောပွဲသို့ အလက(၁) ကျောင်းအုပ်ကြီးဆရာမနှင့်ဆရာမများ၊အလယ်တန်းအဆင့်ကျောင်းသား/သူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၂၃၀)ဦး တက်ရောက်ခဲ့ကြပြီး ဥတ္တရခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဦးစီးဌာနမှ လစဥ်ထုတ်ဝေသည့် သစ်တောကြေးမုံ (၅)အုပ်အား ကျောင်းတာဝန်ရှိသူများထံပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။