၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ယှဥ်ပြိုင်ခြင်းဆုချီးမြှင့်ပွဲအခမ်းအနားသို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့တက်ရောက်
နေပြည်တော်ကောင်စီနယ်မြေ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်အတွင်း (၁၅-၁၁-၂၀၂၄) ရက်နေ့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မီးပုံးပျံလွှတ်တင်ပူဇော်ယှဥ်ပြိုင်ခြင်းဆုချီးမြှင့်ပွဲ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့ တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်၊ဒေါက်တာသောင်းနိုင်ဦး၏ ဦးဆောင်မှုဖြင့် "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့မှ တေးသီချင်းများ၊ဆင်အကအလှများဖြင့် ဘုရားဖူးလာပြည်သူများအားပျော်ရွှင်စွာပါဝင်ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဥ်တွင်"စိမ်းလန်းမြေ" မီးပုံးပျံအား "စက္ခုပသာဒအကောင်းဆုံးဆု" ချီးမြှင့်ရရှိခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ ပျော်ရွှင်စွာ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားပြီးဆုံးချိန်တွင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင်သော "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့မှ မာရဝိဇယဘုရားပရဝုဏ်သန့်ရှင်းလှပစေရေးအတွက် စွန့်ပစ်ကျန်ရစ်သည့်ပလပ်စတစ်ဘူးများ၊ ကြွတ်ကြွတ်အိတ်များစသည့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျ ကူညီသိမ်းဆည်းပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။