စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၏ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ်" (မြို့နယ်အဆင့်) ဟောပြောပွဲကျင်းပ
၁၉-၁၁-၂၀၂၄ ရက်၊ (၀၉း၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ စုဝေးခန်းမ၌ မြို့နယ်အဆင့် "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်" ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများ အင်အားစုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ပါသည်။အစီအစဥ်အရ သစ်တောဦးစီးဌာန၊ ရွှေဘိုမြို့နယ်မှ ဦးစီးအရာရှိ ဦးမင်းမောင်မောင်က မီးခိုးမြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်နှင့် လျှော့ချသုံးစွဲနိုင်မည့်နည်းလမ်းများ ခေါင်းစဉ်များဖြင့် ဟောပြောပြီး တက်ရောက်လာသူများ၏ သိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။အခမ်းအနားအပြီး လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့ ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ၂၅၀ စောင်ဖြန့်ဝေပေးခြင်း၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ စာကြည့်တိုက်အတွက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ လစဉ်ထုတ်ဝေလျက်ရှိသည့် သစ်တောကြေးမုံ ၁၂ အုပ်အား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။