အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူးများအဖွဲ့ အဋ္ဌမအကြိမ် အစည်းအဝေး ကျင်းပ
အမျိုးသားမြေ အသုံးချမှု ကောင်စီအတွင်းရေးမှူးများအဖွဲ့၏ အဋ္ဌမအကြိမ် အစည်းအဝေးကို ၁၉-၁၁-၂၀၂၄ ရက်၊ ၁၃း၃၀နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ
အဖွဲ့ခေါင်းဆောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်၊
အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားမြေဥပဒေရေးဆွဲပြုစု ရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်(One Map Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့တို့မှ အမျိုးသားမြေအသုံးချမှု ကောင်စီ ဆဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။