သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ်""ဟောပြောပွဲကျင်းပ

(၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ လှည်းလမ်းကူးကျေးရွာရှိအ.လ.က ကျောင်းတွင် မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟော‌ပြောပွဲအားကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ Grade.8 ကျောင်းသူ/ကျောင်းသားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူ/ကျေးရွာသားများနှင့် သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၁၃၅)ဦး တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးစောအယ်ကလူစိုးမိုးမှ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝ ဘေးအန္တရယ်များ အကြောင်းဟောပြောခဲ့ပြီး တောအုပ်ကြီး ဦးအောင်သူမျိုးမှ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု အကြောင်း အရာများအား ဟောပြောခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, November 19, 2024 - 17:00