သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် ၊ တာပွန်မြို့ သစ်တောဦးစီး ဌာနမှ"ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
(၁၉.၁၁.၂၀၂၄) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် ၊ တာပွန်မြို့ ၊ အ.ထ.က ကျောင်းတွင် "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး /မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်းအစီအစဥ် "အား ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ Grade.11/10 ကျောင်းသား /ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၂၂၂) ဦး တက်ရောက်ခဲ့ပါသည်။ အစီအစဥ်အရ နတ်တလင်းမြို့နယ် ၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်စန်းမှ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ တောအုပ်ကြီး ဦးမျိုးသက်ခိုင်မှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သက်ဆိုင်သော အကြောင်းအရာများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။