ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်မြောက်ပိုင်းခရိုင်၊တိုက်ကြီးမြို့နယ် သစ်တောဦးစီး ဌာနမှ"ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီး ဌာနမှ(၁၉-၁၁-၂၀၂၄)ရက်နေ့ (၁၃း၀၀)နာရီတွင်၊ အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ) မြို့မ(၃)၌ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲတွင် တိုက်ကြီးမြို့နယ်၊ ဦးစီးအရာရှိ ဦးသန်းစိုးနိုင် မှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက် လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မ(၃) တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူ (၁၀၅)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။