သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊လယ်ဝေးမြို့နယ်၏ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ်" (မြို့နယ်အဆင့်) ဟောပြောပွဲကျင်းပ
သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊လယ်ဝေးမြို့နယ်သည် ၂၀-၁၁-၂၀၂၄ ရက်၊ (၀၉:၃၀)နာရီတွင် လယ်ဝေးမြို့၊ သာယာကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ စုဝေးခန်းမ၌ မြို့နယ်အဆင့် "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်" ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲအခမ်းအနားသို့ လယ်ဝေးမြို့၊ သာယာကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာကြီး ဦးအောင်ဇော်မိုး အပါအဝင် ဆရာ၊ ဆရာမ(၈)ဦး၊ အခြေခံပညာ အထက်တန်း Grade 10 ,11 အဆင့် ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး၊ သစ်တောဝန်ထမ်း(၁၄)ဦး၊ အင်အားစုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ နေပြည်တော်၊လယ်ဝေးမြို့နယ် ဦးစီးအရာရှိ ဦးဇာနည်ထွန်းမှမီးခိုး မြူငွေ့ လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ဟောပြောပွဲအခမ်းအနား တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသားများထံ ကျောင်းသုံး ဗလာစာအုပ်နှင့် ဘောလ်ပင်များပေးဝေ ခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ လစဉ်ထုတ်ဝေလျက်ရှိသည့် သစ်တောကြေးမုံစာအုပ်များအား ကျောင်းအုပ်ဆရာကြီးဦးအောင်ဇော်မိုးထံသို့ ပေးအပ် လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။