စစ်ကိုင်းတိုင်းဒေသကြီး ၊မော်လိုက်ခရိုင်၊ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာန မှ ရာသီဥတု ပြောင်းလဲမူ့ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး / မြူငွေ့ လျော့ချရေး ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဥ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင်၊ဖောင်းပြင်မြို့နယ် သစ်တောဦးစီး ဌာန မှ ၂၀ - ၁၁ - ၂၀၂၄ ရက်နေ့ နံနက် ( ၀၉: ၀၀ ) နာရီ အချိန်တွင် ဖောင်းပြင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ၌"ရာသီဥတုပြောင်းလဲမူ့ ၊သဘာဝဘေးအန္တရယ် နှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဥ် "မြို့နယ်အဆင့်ဟောပြောပွဲကျင်းပရာ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သန်းကို မှ ရာသီဥတုပြောင်းလဲမူ့လျော့နည်းသက်သာ စေရေး နှင့် သစ်တောများ၏ အခန်းကဏ္ဍအကြောင်းအရာအားလည်းကောင်း ၊တောအုပ်ကြီး ဦးသန်းဇော်ဝင်း မှ သဘာဝဘေးအန္တရယ်လျော့ချရေးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဥ် အား လည်းကောင်း၊ တောအုပ် ဦးရဲသီဟအောင် မှ မီးခိုးမြူငွေ့ ညစ်ညမ်းမူ့ နှင့် လေထုညစ်ညမ်းမူ့ထိန်းချုပ်ရေးအတွက် ပူပေါင်းပါဝင် ဆောင်ရွက်ကြရမည့်အစီအစဥ်အားလည်းကောင်း power point များဖြင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး သစ်တောဦးစီးဌာန ဦးစီး ရုံးချုပ် မှ လစဥ်ထုတ်ဝေသော သစ်တောကြေးမှုံ (၁၅ ) အုပ်အား အ.ထ.က ကျောင်းအုပ်ကြီး ထံပေးအပ်လှူဒါန်းခြင်းနှင့် တက်ရောက်လာသူများအား မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ လက်ကမ်းစာဆောင် များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါသည်။ ဟော​ပြောပွဲ သို့ အ.ထ.ကကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ များ၊ဌာနဆိုင်ရာများ၊သစ်တောဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း ( ၂၃၅ ) ဦး တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, November 20, 2024 - 14:15